လာရောက်လည်ပတ်သူများကို နှုတ်ခွန်းဆက်ပါ၏...

..........................................................................................................

ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Thursday, December 03, 2009

ကိုရီးယား EPS-KLT လုပ်သား ခေါ်ယူမှု စာရင်းပိတ်ခြင်း။

Voice Weekly (Vol6 No4) တွင် ဖော်ပြထားချက်အရ နောက်ဆုံးကြားသိရသော
သတင်းများကို တင်ပြရလျှင်
တောင်ကိုရီးယားနိုင်ငံလုပ်ငန်းရှင်များက ၂ဝဝ၉ ခုနှစ်အတွက်
ပြည်ပလုပ်သားခေါ်ယူမှု အရေ အတွက် ပြည့်သွားသဖြင့် ၊
အောက်တိုဘာလတွင် စာရင်းပိတ်လိုက်ကြောင်း ၊ မြန်မာနိုင်ငံ အခြေစိုက်
ကိုရီးယား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဌာန
(Korean Human Resources Development Center: HRD)ကိုယ်စားလှယ်ရုံးထံမှ
သိရသည်။လက်ရှိကိုရီးယားနိုင်ငံသို့
(Employement Permitment System:EPS) ဖြင့် ပို့ဆောင်နေသော
မြန်မာလုပ်သားများမှာ စာရင်းမပိတ်ခင်က
ခေါ်ဆိုထားသော လုပ်သားများဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံအနေဖြင့် ၂ဝဝ၉
ခုနှစ်၏ စာရင်းနှစ်အတွင်း ပြည်ပလုပ်သား
၁၅,ဝဝဝ ခေါ်ယူခဲ့ရာ မြန်မာလုပ်သား ၁,၂၅၉ ဦးပါဝင်ခဲ့ကြောင်း ၊
မြန်မာလုပ်သားလောင်း ၃,၀၀၀ကျော် တို့က KLT
(Korea Language Test)စာမေးပွဲကို အောင်မြင်ထားရာ ၊ ကျန်ရှိနေသော
မြန်မာလုပ်သားလောင်းများ သည် ၂ဝ၁ဝ
ပြည့်နှစ် လုပ်သားလောင်းခွဲတမ်းအတွက် ၊ အလုပ်လျှောက်လွှာများ
ပြန်လည်ဖြည့်စွက် ရမည်ဖြစ်ကြောင်း အဆိုပါ
ကိုယ်စား လှယ်ရုံးထံမှသိရသည် ။ရွှေအင်းဝအကျိုးဆောင်ကုမ္ပဏီအနေဖြင့်မူ
၂ဝဝ၉ခုနှစ် နိုဝင်ဘာလပထမပတ်အထိ
ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁,၂ဝဝ ခန့်
ပို့ဆောင်ပေးပြီးဖြစ်သည် ဟုဆိုပါသည် ။

Thursday, November 26, 2009

အေးမြသောဆောင်းငွေ့နှင့် မြို့ကျိုင်းတုံ..

ကျိုင်းတုံမြို့ ၏ ဆောင်းငွေ့များသည် မြို့တစ်ခု လုံးကို
ခြုံလွှမ်းထားပြီး နေပြောက်များတိုးဝင်၍
မရလောက်အောင် ကာဆီးထားသည်။ နိုဝင်ဘာ လကုန်ပြီး ဒီဇင်ဘာလသို့ ကူးပြောင်းရောက်ရှိ
တော့မည့် အချိန်တွင် အအေးဓာတ်က သိသိသာသာ လွှမ်းခြုံနေလေပြီ..ကျိုင်းတုံ
မြို့ မှ လှပျိုဖြူ
လေးများသည် အအေးဓာတ်ကို လွန်ဆန်၍ ရန်ကုန်သူများ ကဲ့သို့ စကတ်တိုတို ၊အင်္ကျီလက်ပြတ်
များ ဝတ်ချင်သော်လည်း ဝတ်ဆင်၍ မရကြပေ။အနွေးထည် ၃ ထပ်မျှ ဝတ်ဆင်ကာ လမ်းသလား
နေကြသော်လည်း အေးခဲနေသော လက်များက ကွေး၍ ဆန့်၍ မရ။သို့သော်ကျိုင်းတုံ သည် အေး
ချမ်းသော နှင်းမှုန်တို့ဖြင့် ခြုံလွှမ်းပြီး ချယ်ရီ ပန်းတို့
ပွင့်ဖူးလာပေတော့မည်။ ချယ်ရီပန်းနှင့် အပြိုင်
ကျိုင်းတုံသူများလည်း လှပနေဆဲပင်။ကျိုင်းတုံ မြို့လေးသည်လည်း
ရထားလမ်းတို့ ဖြင့် စည်ကား
ပြီး လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာပေဦးတော့မည်။

Saturday, October 31, 2009

နိုင်ငံ ရပ်ခြား သွားရောက်လို သလား...

နိုင်ငံရပ်ခြားသို့ သွားရောက် လိုသူများ အနေဖြင့် ကံတရားသည်လည်း
အရေးပါသည်။ကံကောင်းပါမှ မြန်မြန် သွား
ရောက်နိုင်မည်ဖြစ်သည်။ကံကောင်းစေရန် ယတြာသည် အရေးကြီးသော အခန်းမှ
ပါဝင်နေသည်။ နည်းပေါင်းများ
စွာ ရှိသည့် အနက် ယခုနည်း ကို စိတ်ဝင်စားသူများ အတွက် ဖော်ပြရေးသားလိုက်ပါသည်။
ကသစ်သားကို အနေတော် ဖြတ်ယူ၍ ဘုရားကျောင်းဆောင်ရှေ့  ဗုဒ္ဓ
ရုပ်ပွားတော်ရှေ့၌ ထားရမည်။ ကသစ်သား ကို
လွန်ဖြင့် ဖောက်၍ ထောင် ထားပါ။ထို အပေါက်ထဲသို့ ဆီး(ဇီး)ညွှန့် ၃
ညွှန့်၊နှင်းဆီပန်း ၃ ပွင့်တို့ကို စုစည်းပြီး ထိုးထည့်
ရပါမည်။ကပ်လှူသော အခါ အနန္တော အနန္တ ၅ ပါးကို ရည်မှန်း ကပ်လှူပါ။အင်္ဂါနေ့
ညနေ ၃နာရီ မှ ၅ နာရီ အတွင်း၊
စနေနေ့ ညနေ ၃ နာရီမှ ၅ နာရီ အတွင်း တစ်ပတ်လျှင် နှစ်ကြိမ် ကပ်လှူ
ပူဇော်ပါ။တပည့်တော် (နေ့သား နှင့် နာမည်
ကိုထည့်ဆိုပါ) သည် (နိုင်ငံရပ်ခြား တိုင်းပြည် အမည်) နိုင်ငံ သို့
အမြန်ဆုံးရောက်ရှိပါစေ။အဆိုပါ နိုင်ငံတွင် အလုပ်လုပ်
ခွင့်၊ပညာသင်ခွင့် ရပါစေ ဟု ၆ ကြိမ် ၆ ခါ တိတိ ရွတ်ဆိုဆုတောင်းပေးရပါမည်။
နောက်တစ်နည်းမှာ
ကသစ်သားကို တနင်္လာနေ့ နံနက်မှစ၍ ဗုဒ္ဓ ရုပ်ပွားတော် မတ်တပ်ရပ်
ဗျာဒိတ်ပေးပုံထုရမည်။သောကြာနေ့တွင်
အနေကဇာတင်ခြင်းကိစ္စ ကိုအပြီးသတ် ဆောင်ရွက်ရပါမည်။ဘုရား ပုံတော် ညာဏ်တော်
အနည်းဆုံး ၆ လက်မ ရှိရပါမည်။
ဖယောင်းတိုင် ၆ တိုင်၊အမွှေးတိုင် ၆တိုင်၊ တံခွန် ၆ ခုကိုလည်း ကပ်လှူ
ပူဇော်ရပါမည်။တနင်္လာနေ့ နှင့် သောကြာနေ့ ညနေ
၃ နာရီတွင် ကပ်လှူပူဇော်၍ နိုင်ငံရပ်ခြား သို့ သွားခွင့် ရပါစေ ဟု ၆
ကြိမ် ဆုတေင်းရပါမည်။

Thursday, October 22, 2009

အီးမေးလ် လိပ်စာ ပြောင်းလဲ အသုံးပြုခြင်း

ကျနော့် လိပ်စာ minnthar.shwe@gmail.com သည် အသုံးပြုရန် အခက်အခဲ
ဖြစ်နေပါသောကြောင့်
blogger.smt@gmail.com သို့ ဆက်သွယ် နိုင်ပြီး လိုအပ်သော သိလို သည့်
အချက် များကို မေးမြန်း
နိုင်ပါသည်။ ကျနော် သုံးနေသော G-Mail အကောင့် minnthar.shwe@gmail.com
ကို အသုံးမပြု
တော့သည့် အတွက် ထို မေးလ်လိပ်စာဖြင့် ဆက်သွယ် Add ထားသော ကျနော့် ကို ချစ်သော စာဖတ်
သူ ညီအစ်ကို မောင်နှမများ အား အသိပေး အကြောင်းကြား အပ်ပါသည်။
ကျနော့်ထံသို့ သိရှိလိုသည်များ
ကို (blogger.smt@gmail.com) ဖြင့်သာ ဆက်သွယ် စေလိုပါသည်။
ကျေးဇူးအထူး တင်ရှိပါသည်။ စာများကို ဆက်လက် ရေးသားနိုင်ရန်
ကြိုးစားနေပါကြောင်း......။ ။

Friday, October 09, 2009

ရွှေအင်းဝ ကိုရီးယား သင်တန်းကျောင်း

Photobucket
ရွှေအင်းဝ ဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီ၊ ကမ္ဘာဝန်ဆောင်မှု ကုမ္ပဏီနှင့် ကိုရီးယား Cheong Ryong Company တို့ပူးပေါင်း၍ မြန်မာလုပ်သားများ ကိုရီးယားလုပ်ငန်းခွင် သို့ဝင်ရောက်လုပ်ကိုင်ရာတွင် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရွှေအင်းဝ ကိုရီးယား သင်တန်းကျောင်းအား Korea Polytech University မှ သင်ရိုးညွှန်းတမ်းများ၊လုပ်ငန်းခွင်လိုအပ်ချက် များအတိုင်း လေ့ကျင့်သင်ကြားပေးရန် အတွက် အမှတ်(၄၁)၊၆ လမ်း ၊ ရန်ကုန်စက်မှုဇုန်၊မင်္ဂလာဒုံ ဥယျာဉ် မြို့ တော်၊မင်္ဂလာဒုံ မြို့ နယ်၊ရန်ကုန်မြို့  တွင် Training Centre ဖွင့်လှစ်၍ သင်တန်းကာလ ၂ လ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။စိတ်ဝင်စားသူ EPS-KLT အောင် မြန်မာလုပ်သားများ တက်ရောက်နိုင်ပြီး သင်တန်း ကြေး US$400 ပေးသွင်း၍ တက်ရောက်နိုင်သည်ဟု ကြားသိရပါသည်။သင်တန်းသားဦးရေ အယောက် (၃ဝဝ) ကန့်သတ်ထားကြောင်း သိရှိရပါသည်။သင်ကြားပေးမည့်ဘာသာရပ်များမှာ Welding ကိုရီးယားလုပ်ငန်းခွင်တွင် အခြေခံကျသော နည်းပညာဖြစ်ပြီး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်ခြင်း။ Farming Machine လယ်ရာ လုပ်ငန်းခွင်သုံးစက်ပစ္စည်း ကိရိယာများ ကိုင်တွယ်ပြုပြင် ထိန်းသိမ်းခြင်း။ Construction & Plumbing ဆောက်လုပ်ရေးနှင့် ပိုက်ပြင် ပိုက်ဆက်လုပ်ငန်း။ Autorepairing မော်တော်ယာဉ်ထုတ်လုပ် တပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း။ Korea Language & Culture ကိုရီးယား ဘာသာစကားနှင့် ယာဉ်ကျေးမှုအား လေ့ကျင့်သင်ကြားခြင်း။ Safety လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်နှင့်ထိခိုက်အနာတရ ဖြစ်ပွားမှုမှ ကာကွယ်ခြင်း။ စသည်တို့ ဖြစ်သည်။ သင်တန်းတက်ရောက်နေစဉ်ကာလတွင် နေထိုင်မှုအတွက် အဆောင် အခမဲ့ စီစဉ်ပေးခြင်း၊သက်သာသောနှုန်းထားဖြင့် စားသောက်နိုင်ရန်စီစဉ်ပေးခြင်း၊ကိုရီးယားမှ နည်းပြများကိုယ်တိုင် လေ့ကျင်းသင်ကြားပေးခြင်း၊သင်တန်းအောင်မြင်ပြီးဆုံးပါက အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကြားသိရပါသည်။သင်တန်းသက်ရောက်လိုသူများသည် ၈မိုင်ရှိ ရွှေအင်းဝ အေဂျင်စီ ရုံး(ဖုန်း-01-663716,664914) တွင် မေးမြန်းစုံစမ်း၍ တက်ရောက်နိုင်ပြီး kabartiongseng.otc@gmail.com နှင့် kabar-otc@wimaxmail.net.mm ကိုအီးမေးလ်ဖြင့် ဆက်သွယ်နိုင် သည်။ EPS-KLT အောင် မြန်မာလုပ်သား အယောက် ၃၀၀၀ကျော်အနက် ၁၀၀၀ ကျော်သာ ကိုရီးယားနိုင်ငံသို့ရွှေအင်းဝ
မှစေလွှတ်ထားပြီးဖြစ်ကြောင်း ရွှေအင်းဝနှင့် နီးစပ်သော သတင်းများမှ ကြားသိရပါသည်။

မှတ်ချက်။ ။ ထိုသင်တန်းကျောင်းသည် ကျနော် ရွှေမင်းသားနှင့် လုံးဝ မသက်ဆိုင်ပါ၊EPS-KLT အောင် မြန်မာ လုပ်သားများ ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင် လျင်မြန်စွာ ရရှိစေရန် စိတ်ပါဝင်စား၍ သင်တန်းတက်ရောက် လိုသူများ အတွက် ရည်ရွယ်၍ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

Wednesday, October 07, 2009

ကိုရီးယားရုပ်ရှင်ပွဲတော်၂၀၀၉

Photobucket
ကိုရီးယားရုပ်ရှင်ပွဲတော်၂၀၀၉ ကိုရန်ကုန်မြို့သမ္မတရုပ်ရှင်ရုံ၌အောက်တိုဘာ၁၆ရက်မှ၁၉ရက်အထိနှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကိုရီးယားနှင့်မြန်မာနိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများအား ပိုမို နားလည်နိုင်ရေးတို့အတွက် ပြသသွားမည်ဖြစ်သည်။ကိုရီးယား ရုပ်ရှင်ပွဲတော်(၂၀၀၉)တွင်ရုပ်ရှင်ကားလေးကားပြသသွားမည်
ဖြစ်ပြီး ယင်းတို့မှာ “SummerWhispers”(Romance)၊ “Mom’s Way” (Drama) “Marathon” (Drama)နှင့်
“Oseam”(Animation) တို့ဖြစ်သည်။ကိုရီးယားရုပ်ရှင် မင်းသမီး၊ ကိုရီးယားရုပ်ရှင် ဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နှင့်၁၈ ရက်တို့တွင် မြန်မာပရိသတ်နှင့်တွေ့ဆုံမည်ဟု သိရသည်။
အမှတ် ၉၇ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ် ကိုရီးယားသမ္မတနိုင်ငံ သံရုံး၌ အောက်တိုဘာ ၅ ရက်မှ စ၍ လက်မှတ်
များ အခမဲ့ ရယူနိုင်ကြောင်း သတင်းများအရ သိရှိရပါသည်။

Blog Widget by LinkWithin

© New Blogger Templates | Webtalks